သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာ ပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံးတွင် Video Conferencing ကျင်းပပြုလုပ်သည့် “အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့်သင်ပြနည်း ဆင့်ပွားသင်တန်း" ၌ ဆရာ/ဆရာမစုစုပေါင်း (၆၈၉) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် အ.ထ.က(၁) ကျောင်းရှိ သင်တန်းခန်းမတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် ဆရာ/ ဆရာမ (၆၅)ဦးအား (၃.၄.၂၀၂၄)နေ့ ၊နံနက် (၁၀:၀၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၂၄ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်မည့် E Lock စနစ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခရိုင်အဆင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေး အကြိုဆွေးနွေးပွဲကို မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီ

၂၀၂၄ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာစည်မြို့နယ်၊ ပြွန်ကန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၆၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။
