သတင်းနှင့် လှုပ်ရှားမှုများ
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်(Vision)နှင့် ရည်မှန်းချက် (Mission)များကို အောင်မြင် စွာဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂ ရက် ၊နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နဂါးပျံ” စက်သုံးဆီအရောင်းဆိုင်သို့ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပ

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အနေဖြင့် ပြည်နယ်ဦးစီးမှူးဦးဆောင်သော အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅)ရက် နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ သားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ (၃.၄.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
