သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိ ခရိုင်/မြို့နယ်မှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လားရှိုးခရိုင်မှ မြို့မဈေးကြီးနှင့် ဘူတာဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ကျောင်းမုန့်ဆိုင်နှင့် ရပ်ကွက်တွင်းရှိ လက်လီဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စည်ပင်သာယာရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ နယ်မြေ အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစာပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစားများအနက် အသင့်စားခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ အချိုရည်များနှင့် ဟင်းခတ် မှုန့်၊ အချဉ်ပေါင်းထုပ်များတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်
မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈.၉.၂၀၂၂ ရက်နေ့ (၁၃:၀၀)ချိန်တွင် မုဒုံမြို့နယ် အထက(၃)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈.၉.၂၀၂၂ ရက်နေ့ (၁၁:၀၀)ချိန်တွင် မော်လမြိုင်မြို့ အမက(ဘိုကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းတို့ပူးပေါင်း၍ ၂၈.၉.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မုပွန်ဘူတာဟောင်းတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်နှင့် အောင်သုခရပ်ကွက်တို့၌လည်းကောင်း ပြည်သူများသို့ စားသောက်ကုန် များလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။