သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လင်းတာကျကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စားသုံးသူပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူအသိပညာပေး ဟောပြောခဲ့ပါသည်။

09 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ် ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများလုံလောက်မှုရှိ/မရှိ ၊ ပြတ်လပ်မှုများ ရှိ/ မရှိနှင့်  ဘိလပ်မြေဈေးနှုန်းများအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

09 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မတ်လ (၂၁)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်ရှိ ပင်စင်စားဝန်ထမ်းများအား စားအုန်းများကို ရည်ညွှန်းဈေးဖြင့် ဆီ(၁) ပိဿာလျှင် (၅၇၅၀/-) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၁၀၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

09 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊  မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA တို့နှင့်  ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ Ocean Super Center တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

09 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊  မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊  နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့မဈေး တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages