ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ် ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ ဆန်စက်လည်ပတ် ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ခေတ်မီ စက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး အလုပ်သမား မိသားစုဝင် များ၏ စားဝတ်နေရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှု အပေါ် သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)