သတင်းနှင့် လှုပ်ရှားမှုများ
ကယားပြည်နယ်တွင် စိတ်ဝင်စားစရာ သဘာဝအလှတရားများ၊ ရိုးရာအစားအစာ၊ ရိုးရာ အထည်လုပ်ငန်းများအပြင် ဒေသထွက်ပုန်ပစ္စည်းများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါသည်။ ဒေသထွက်ကုန်ပစ္စည်းများမှ လက်မှုပညာဖြစ်သည့် ကယားပလိုင်း၊ ကယားနောက်လွယ်ပစ္စည်းများ စသည့် ဒေသခံတိုင်းရင်းသားများ အများဆုံးအသုံးပြုကြပြီး ဒေသထွက်ကုန်များ လက်ဆောင် ပစ္စည်း ပေးရာတွင်လည်းအသုံးပြုကြပါသည်။ ကယားပလိုင်း၊ ကယားနောက်လွယ်များကို နှီးဝါးဖြင့် ယက်လုပ် ကာ သစ်စေးကိုအသုံးပြုယက်လုပ်ကြပါသည်။ နောက်လွယ်ကို အဖုံးမပါ၊ အဖုံးပါဖြင့် ယ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ - ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် မိုင်းယန်းလမ်းရှိ ဒေါ်နန်းဟွမ်ခမ်း၏ “ရွှေဆင်” ပဲငံပြာရည်လုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန အမ်းခရိုင် အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၃၀-၉-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် အမ်းမြို့ အမှတ်(၅)ရပ်ကွက် ဦးသစ်လွင် ပိုင်ဆိုင်သော U Maw Family Co.ltd မှ Best Fly တံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်သော စက်ရုံသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူး ပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အ
မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၃/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသို့ စားသုံးဆီ များကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၃၀-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ရုံးအမှတ် (၇)၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ဆီပိဿာချိန် (၂၁၀)ကိုလည်းကောင်း၊ရုံးအမှတ် (၂၄)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီပိဿာချိန် (၄၀၀)ကိုလည်းကောင်း၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ကုန်သွယ်ရေးဦးစ