သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စားသုံးရေးရာဌာနခွဲတာဝန်ခံ၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ   ၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့

09 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာ ပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံးတွင်   Video Conferencing ကျင်းပပြုလုပ်သည့် “အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့်သင်ပြနည်း ဆင့်ပွားသင်တန်း" ၌ ဆရာ/ဆရာမစုစုပေါင်း (၆၈၉) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

09 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် အ.ထ.က(၁) ကျောင်းရှိ သင်တန်းခန်းမတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် ဆရာ/ ဆရာမ (၆၅)ဦးအား (၃.၄.၂၀၂၄)နေ့ ၊နံနက် (၁၀:၀၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

09 Apr 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

09 Apr 2024

       ၂၀၂၄ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်မည့် E Lock စနစ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခရိုင်အဆင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေး အကြိုဆွေးနွေးပွဲကို မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီ

Pages