သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယခုစက်တင်ဘာလအတွင်း ဆောင်းမြေပဲများစတင်စိုက်ပျိုးလျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၉.၂၀၂၂)နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရွှေတောင်မြို့နယ် အတွင်းရှိ ကသစ်ကိုင်းအုပ်စု၊ စမ်းကျေးရွာသို့သွားရောက်၍ ဆောင်းမြေပဲစိုက်ပျိုးမှု အခြေအနေ အားသွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ တောင်ငူမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ သင်ကြား၊ စီမံဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့် ဆန်များရောင်းချနိုင်ရေးအတွက် တောင်ငူမြို့မှ ဆီကုန်သည်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်းဆောင် ရွက်လျှက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းအောင် ဦးဆောင်၍ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ မြို့နယ် ဦးစီးဌာနမှူးများ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ ရေတာရှည်မြို့နယ်၊ ကုန်းကြီး ကျေးရွာအုပ်စု၊ ကရင်ရွာကျေးရွာမှ ကျေးရွာနေပြည်သူများအား ၎င်းကျေးရွာ၌ တွေ့ဆုံပြီး သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ထားရှိမှုအခြ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လင်းယောခင်ကျေးရွာရှိ တောင်သူများသည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် အဓိကလုပ်ကိုင်ကြသော်လည်း တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး ပြေလည်စေရန်အတွက် တောင်းလုပ်ငန်းကိုလည်း လုပ်ကိုင်လျှက် ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် တောင်ငူမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ တောင်ငူမြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုံးထားဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ Diamond Dragon Co.,Ltd မှ ကိုယ်စားလှယ်ရယူထားသည့် အောင်စားသုံးဆီအရောင်းဆိုင်သည်လည်း ရာသက်ပန် အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ ၅၀ ကျပ်သားဘူးများအား အခြေခံလူတန်းစား များရာ ရပ်ကွက် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ရော