မအူပင်မြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၉) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို (၁၇-၇-၂၀၂၅) ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် တောင်သူ ဒေါ်ဝင်းနွဲ့၏ ဧက(၁၀၀)စံပြကွက်၊ ကွင်းအမှတ်(၇၅၄)၊ ဦးပိုင် အမှတ်(၄၃/၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိစေခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှု နည်းပါးခြင်းနှင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအားရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့ စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စက်မှု လယ်ယာဦးစီးဌာနမှ သိရသည်။

            အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးသန်းဇော်ဦး၊ အမှတ်(၅)အလတ်စား စက်ပြင်အလုပ်ရုံစက်ရုံမှူး ဦးစိုးနိုင်လင်း၊ မြို့နယ်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းမြင့်၊ ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)