သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်သီးညှပ် နွေးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့ နိုင်မည့် အခြေအနေအား မတ်လ (၃၀)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဒလ-ကွမ်းခြံကုန်း ကားလမ်းမကြီး၊ ဒေးဒရဲကားလမ်းမကြီးနှင့် ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းကားလမ်းမကြီး ဘေးဝဲယာရှိ ကျေးရွာ များမှ နွေစပါးစိုက်တောင်သူများ စပါးစတင် ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဘိလပ်မြေအမျိုးအစားအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် ရည်ရွယ်၍ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်အမာဆိုင်ကြီးများသို့ မတ်လ(၃၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း ကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှာ့ချရေး အသိပညာပေးခြင်းကို မတ်လ (၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ သန်လျင်မြို့နယ်၌ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် (၂၈-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊
