သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၏ထွက်ကုန်များတွင် ပြည်ပဈေးကွက်ဝင် ငါးရှဉ့်များကို နှစ်ပတ်လည် တင်ပို့ရောင်းချလျက်ရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလိုမိုးတွင်းတွင် ငါးရှဉ့်များ ပိုမိုဝင် ရောက်လျှက်ရှိပြီး ဇွန်လမှနိုဝင်ဘာလအထိ ဈေးကွက်မှာတင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်း ငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်ဈေးကွက်မှတင်ပို့သော ငါးရှဉ့်များမှာ ပါးနီပါးမွဲ (၂)မျိုးသာ Export ဈေးကွက်တင်ပို့လျက် ကျန်းမာရေးအတွက် သွေးအားကောင်းပြီး ဆေးဖက်ဝင်အစားအစာ အဖြစ်ပြည်ပနိုင်ငံများတွင် လူကြိုက်များမှုရှိကြော
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား FDA၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည်(၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ မျိုးစေ့အရောင်းဆိုင်များ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၁.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။