သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)ရက်နေ့တွင် စားသုံးသူ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီတစ်ပိဿာလျှင် ၅၉၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆီတစ်ပိဿာစီ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။
ယခုလအတွင်း ရှမ်းပြည်နယ်ဒေသထွက်သီးနှံများဖြစ်သော ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ရွှေပဲသီးဈေးနှုန်းများ ယခင်လများထက် ထူးခြားသိသာစွာ ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ဂေါ်ဖီဈေးနှုန်းမှာ ယခင်လများထက် တစ်ပိဿာလျှင် (၅၀၀ မှ ၆၀၀) ကျပ်အထိ ထိုးတက် လာခဲ့ပါသည်။ ယခင်လများတွင် ဂေါ်ဖီတစ်ပိဿာလျှင် (၈၀၀မှ ၁၀၀၀) ကျပ်အထိသာ အများ ဆုံးရှိခဲ့သော်လည်း ယခုလမှာတော့ ဂေါ်ဖီတစ်ပိဿာလျှင် ၁၃၀၀ကျပ် အထိ ဈေးနှုန်းမြင့် တက် ခဲ့ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဂေါ်ဖီသီးနှံများကို မြဝတီမြို့ လမ်းကြော
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများသည် (၂၀.၉.၂၀၂၂) ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့၊ အထက(၁)ကျောင်းတွင် စားသုံးသူ အသိပညာ ပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ဆရာ/ဆရာမ (၂၅)ဦး၊ ကျောင်းသား/သူ (၈၅)ဦး စုစုပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စကားဝိုင်းဆွေးနွေးပွဲကို (၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီအချိန် တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနများမှ အဓိကထားကျင်းပ ဆောင်ရွက်ခြင်းဖြစ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ပြ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်စည်/ ဝန်ဆောင်မှုတို့ကို ရယူသုံးစွဲရာတွင် စားသုံးသူတို့၏ အခွင့်အရေးများအား အပြည့်အဝရရှိနိုင်စေရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ပြည်ခရိုင်၊ ပြည်မြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ (၂၀)ရက