သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Apr 2024

     ဆန်အခြေခံမှထုတ်လုပ်သည့် မုန့်ဖတ်ခြောက်များထုပ်ပိုးမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် တောင်ငူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးတက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

05 Apr 2024

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်တွင်  ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား မတ်လ(၂၆)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန် တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

05 Apr 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက် များတွင် ရောင်းချလျှက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား မတ်လ (၂၈)ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

05 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ    စားသုံးသူပြည်သူများသို့ အသိပညာဗဟုသုတတိုးတက်နားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

05 Apr 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ “Apex”စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချနေမှုအခြေအနေကို ကွင်းဆင်းခဲ့ပါသည်။

Pages