သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Apr 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ “Apex”စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချနေမှုအခြေအနေကို ကွင်းဆင်းခဲ့ပါသည်။

05 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူး ဦးဆောင်အဖွဲ့သည် ၂.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)အချိန်မှစ၍ လှိုင်သာယာအနောက်ပိုင်း မြို့နယ်ရှိ စားသုံးဆီလက်လီရောင်းချနေသော ခွဲတမ်းရ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပထမဦးစွာ (၇)ရပ်ကွက်အတွင်းရှိ ဦးမောင်လှ(ကုန်စုံဆိုင်)၊ ဦးတင်ရွှေ(ဆန်/ဆီရောင်းဝယ်ရေး)၊ (၁၃)ရပ်ကွက်ရှိ ပင်လုံဈေးမှ ကုန်စုံ ဆိုင်များ (၂၀)ရပ်ကွက်၊ (၂၀)ဈေးရှိ ကုန်စုံဆ

05 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

05 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် မြို့မဈေးအတွင်း စည်ပင်သာယာခန်းမတွင် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မှော်ဘီမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

05 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆ

Pages