သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု ပြောစမှတ်ပြုကြသော မြန်မာပြည်အလယ်ပိုင်း အညာဒေသတွင် ယခင်နှစ်များထက်စောလျှင်စွာ မိုးရွာသွန်းလျှက်ရှိသည်။ တောင်သူဦးကြီးများမှာလည်း မိုးကျသည်နှင့်တစ်ပြိုင်နက်ထွန်ယက်စိုက်ပျိုးကြသည်။အဓိကဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမျိုးစုံကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် FDA ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများမှပူးပေါင်း အဖွဲ့ဝင်များနှင့်အတူ (၁၇.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့ Online Media မှ အန္တရာယ်ဖြစ်စေမည့် တရားမဝင် အစားအသောက်များ၊ ဆေးဝါးများ၊ ဆေးပစ္စည်း
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌(၁၃.၅.၂၀၂၂)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌခေါင်းဆောင်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဦးစီးပြီးခရိုင်ပညာရေး၊ခရိုင်ကျန်းမာရေး၊ ခရိုင်စိုက်ပျိုးရေး၊ ခရိုင်လမ်းဦးစီး၊ ခရိုင်လျှပ်စစ်၊ ခရိုင်စားသုံးသူရေးရာနှင့် အခြားခရိုင်အဆင့်မိတ်ဖက်ဌာနများတက်ရောက်သော မုံရွာခရိုင်အတွင်းမြို့နယ်အလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၁၆.၅.၂၀၂၂ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုစီမံကြီးကြပ်ရေးအစည်းအဝေးသို့ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာစေရေး၊စားသုံးသူကာကွယ်ရေးဥပဒေအရကိုက်ညီမှုရှိစေရေး၊စားသုံးသူ များဘေးကင်းစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေးတို့အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန