
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၁၅.၇.၂၀၂၅ ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံးတွင် (၂၀၂၅-၂၀၂၈) သက်တမ်းကာလ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အသစ်ရွေးချယ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်ဦးစီးမှူးမှ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရာတွင် အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၇)၊ ရွေးချယ်တင်မြှောက်ပုံ နည်းစနစ်များနှင့်အညီ အသင်းဝင်များ အကျိုးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနိုင်မည့် အမှုဆောင်ကိုယ်စားလှယ်များကို အမှုဆောင်ကိုယ်စားလှယ်များကို နည်းလမ်းကျစွာ ရွေးချယ်ရန်၊ ဖွဲ့စည်းပုံစည်းမျဉ်းအရ တရားဝင် ဆန်စက်ပိုင်ဆိုင်သူဖြစ်ရန်၊ ဆန်စက်လုပ်ငန်းရှင်အသင်းဝင်များ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအား အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)