သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးရေးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တောင်ငူမြို့ ပန်းဘဲတန်း အခြေခံပညာအလယ်တန်းလွန်ကျောင်းခွဲတွင် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ ဌာန ဆိုင်ရာများက မိမိတို့ ဌာနအလိုက် အသိပညာပေးဟောပြောကြပါသည
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် ဖြူးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးမြတ်မင်းမောင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင
တောင်ငူမြို့နယ် လဲဘူးစံပြကျေးရွာရှိ အခြေခံလူတန်းစားများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်မှုအရ စက်တင်ဘာ ၁၂ ရက်နေ့က လှည်းဘူးစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီ ပိဿာချိန် ၆၀၀ ရောင်းချပေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် တောင်ငူခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် လဲဘူးကျေးရွာ၊ မိုးကုတ်ဓမ္မရိပ်သာ ဓမ္မာရုံ၌ ကျေးရွာသူကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို ဟောပြောခဲ့ပါသည်။