သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် ၊ မတ်(၂၈)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များ ဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ ဆန်းဘတ္ထရီရောင်းဝယ်ရေးဆိုင်သို သွားရောက်၍ ဘတ္ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည။

၂၀၂၄ခုနှစ်၊ မတ်လ(၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ ခေတ္တ ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံကာ မြိတ်ခရိုင်အတွက် ဆန်လိုအပ်မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမှ ဆန်များသယ်ယူနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင် စံမမှီဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၅-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)နှင့်ဝန်ထမ်းများသည် ဂွတ်ရှယ်ယိုစုံလုပ်ငန်းရှင်နှင့် လက်ဆောင်မွန်အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းရှင်အားခေါ်ယူ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

“စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား အလေးထားလိုက်နာခြင်း အားဖြင့်ပြည်တွင်းဆီစက်ကဏ္ဍဖွင့်ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲအား (၂၄-၃-၂၀၂၄) ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးဌာနခွဲ)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပါပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။အဆိုပါဆွေးနွေးပွဲသို့ အစား အ
