သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Sep 2022

    ကချင်ပြည်နယ်၊ စားသုံးသူရးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်း များသည် 20.9.2022ရက်နေ့တွင် မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်ရှိ Very Good မုန်မျိုးစုံထုတ်လုပ်ဖြန့် ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

27 Sep 2022

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀.၉.၂၀၂၂ ရက်နေ့တွင် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ လမ်းဘေး၊ ဝဲယာဈေးဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

27 Sep 2022

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် စက်တင်ဘာလ ၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင် အသင်းမှ ဆီကုန်သည်နှင့်လုပ်ငန်းရှင် စုစုပေါင်း (၂၂) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

27 Sep 2022

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြင်သာထေရဝါဒ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘ/က)၌  ဘီးလင်းမြို့နယ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ရာ တာဝန်ခံ ကျောင်းဆရာမကြီးနှင့်အတူ ဆရာ၊ ဆရာမ(၉)ဦး ကိုရင်၊ သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူ (၁၁၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

27 Sep 2022

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှ ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထင်းအစားထိုး မီးသွေးလောင်စာတောင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် စက်တင်ဘာလ (၁၉)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages