သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့်ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မေလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာစေရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့သည် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ မြို့လှမြို့ ရှိ SM သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ဖြူးမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ မေလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာမှ တောင်သူလယ်သမား ၃၀ ဦးအား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်