သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 May 2022

              (၈-၅-၂၀၂၂)နေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မင်းပြားမြို့ မြိုနယ် စီမံအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ (၈-၅-၂၀၂၂)ရက်‌နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။

10 May 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပိတောင်း၊ ငပိကြော်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် ကိုရဲရင့်ကျော်သည် ၄.၅.၂၀၂၂ ရက်နေ့တွင် ငပိထောင်း၊ ငပိကြော်များ ထုတ်ပိုးရောင်းချနိုင်ရေး ငပုတောမြို့နယ်တာဝန်ခံအား လာရောက်တွေ့ဆုံကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှ ထုတ်ပိုးရောင်းချသော ကုန်စည်များနှင့်ပတ်သက်၍ ငပိထောင်း၊ ငပိကြော်လုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်အား ထုတ်ပိုးရောင်းချသောကုန်စည်များ၏ ကုန်အမှတ်တံဆိပ်

10 May 2022

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဒေါ်ချယ်ရီမြင့်နှင့် ၀န်ထမ်းများသည် (၃.၅.၂၀၂၂)ရက်နေ့ နံနက် (၁ဝး၃၀)နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင် (၄)ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

10 May 2022

         ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဒေါ်ခင်မာကြည်သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအား (၄.၅.၂၀၂၂) ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

10 May 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၄.၅.၂၀၂၂)ရက်နေ့တွင် ငပုတောမြို့နယ်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပ

Pages