သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၁)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် အုတ်တွင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးအောင်ကိုကို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ စားအုန်းဆီ လက်လီလက္ကားဝယ်ယူခွင့်ရရှိသည့် ဆီကုန်သည်များနှင့် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိ ပညာဗဟုတများရရှိစေရန်အတွက် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ပဲကြီးခုံ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ဘိုးတော်ကုန်း အခြေခံပညာမူလတန်းလွန် ကျောင်း တွင် ကျောင်းသူကျောင်းသားများ သိသင့်သိထိုက်သည့် အသိပညာဗဟုများရရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ပါသည်။