သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2022

  စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

20 Sep 2022

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ကုန်စုံဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2022

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ‌‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည် ၁၃.၉.၂၀၂၂ ရက်နေ့ နံနက်၀၉:၃၀အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊  အမှတ်(၄)  အခြေခံပညာအထက်တန်းကျောင်း၌    ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2022

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက(ခွဲ) အလက (၆) မြိုင်သာယာကျောင်းတွင် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

20 Sep 2022

        (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)မှ (၁၀:၀၀)နာရီထိ မကွေးမြို့၊ ကန်သာစျေး၌ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစား ကုန်ဖြစ်သော ဆန်တစ်ပြည်(၁၅၀၀)ကျပ်၊ အမဲသား(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဒေသ ကြက်တစ် ကောင်(၆၀၀၀)ကျပ်၊ ငါးပိဘူးတစ်ဘူး(၅၅၀)ကျပ်၊ မျှစ်စားတော်ပဲတစ်ဘူး(၂၄၅၀)ကျပ်၊ ကြက်သားအာလူး တစ်ဘူး(၄၀၅၀)ကျပ်၊ ပဲထောပတ်ဘူးတစ်ဘူး(၄၅၀)ကျပ်၊ ငါးပိကြော်တစ်ဘူး (၂၂၀၀)ကျပ်၊ အမဲသားဘူး တစ်ဘူး(၆၂၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၁၈၀)ကျပ်၊ ချဉ်ပေါင်ရ

Pages