သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၂-၉-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်ရှိ ဒေါ်ခင်ထွေးဝင်း Prince(မင်းသားလေး) ကိတ်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်လုပ်ငန်းရှင်အပါအဝင် ဝန်ထမ်း(၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၂-၉-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မင်းပြားမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် နည်းပြဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ(၈၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာလ (၁၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းနှင့် ကျောင်းမုန့် ဈေးတန်း ဈေးကွက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၇) ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/
ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)၊ (၃) အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင် (၄) ဆိုင်အား ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။