သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်လတ် မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ငွေစင်္ကြာဆန်စက်မှ လုပ်သားများကို (၁၂. ၉. ၂၀၂၂)ရက်နေ့ (၁၃:၀၀) တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက် ပိုင်ရှင်များအသင်းနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဆန်များဝယ် ယူနိုင်ရန် ဒေးဒရဲမြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ဆန်စပါးအသင်းအဆောက်အဦး၌ (၁၁.၉.၂၀၂၂) ရက်နေ့ နံနက်(၀၇:၀၀)နာရီမှစတင်၍ ဆန်များရောင်းချပေးလျှက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၁.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင်ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမ (၁၅၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ညောင်ပင်ဈေးရပ်ကွက်နှင့် မြို့သစ်ဈေးအတွင်းရှိ ဆေးဆိုင်များအား (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကော့ကပ်လေးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါသည်။