သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Nov 2022

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးသည် မြိတ်ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၇.၁၀.၂၀၂၂)နေ့၊ နံနက်(၉း၃၀)နာရီ အချိန်တွင် မြိတ်မြို့၊တလိုင်းစုရပ်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊‌ကျောင်းသားများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

02 Nov 2022

     နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၈/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုစားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌(၂၅-၁၀-၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

01 Nov 2022

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၈ ဒသမ၂)ပေအမြင့်တွင် တည်ရှိသဖြင့် ပင်လယ်နှင့်(၁၈)မိုင်အကွာတွင်တည်ရှိပါသည်။ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၈၇)အုပ်စုရှိပြီး ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ အနောက်ဘက်တွင် မော်လမြိုင်းကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့ နယ်၊တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်၊ မြောက်ဘက်တွင် မအူပင်မြို့နယ်နှင့်နယ် နမိတ်ချင်းထိစပ်နေပါသည်။ မြေမျ

01 Nov 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၅.၁၀.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

01 Nov 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၂၅.၁၀.၂၀၂၂)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

Pages