သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 May 2022

            ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်၍ သံတွဲခရိုင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၉-၅-၂၀၂၂)ရက်နေ့တွင် သံတွဲမြို့၊ အံတော်ကျေးရွာအုပ်စု ရောင်ခြည်ဦးကျေးရွာရှိ ဒွါရာဝတီ သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေ

12 May 2022

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်တွင် (၄.၅.၂၀၂၂ )ရက်နေ့ နံနက်ပိုင်းတွင် တူးမြောင်းအုပ်စု ၊ ဇီးတောကျေးရွာနှင့် နေ့လည်ပိုင်းအချိန်တွင် ကြို့ကုန်းအုပ်စု ၊သံဖြူကျောင်းကျေးရွာများသို့ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအား (၈)ဌာန ပူးပေါင်း၍ တောင်သူ ၈၈ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ အသိပညာပေး ဟောပြောခဲ့ပါသည်။

12 May 2022

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်လျှက်ရှိသော ပန်းချီသင်တန်းသို့ တက်ရောက်လျှက်ရှိသော ကျောင်းသူကျောင်းသားများအား မေလ ၄ ရက်နေ့ နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

12 May 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်န္တာဦးတို့သည် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစောမင်းသူ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

12 May 2022

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား သိရှိလိုက်နာပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် လု

Pages