သတင်းနှင့် လှုပ်ရှားမှုများ
ကြက်သွန်နီသည် မြန်မာလူမျိုးများသာမက အခြားလူမျိုးများလည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်၊ ဟင်းအနှစ်အဖြစ်စားသုံးကြသလို ကြက်သွန်နီသည် အဆင့်မြင့်ထုတ်ကုန်ဖြစ်သော ကြက်သွန် ကြော်အဖြစ် စားသုံးကြသောသီးနှံဖြစ်ပါသည်။ ကြက်သွန်နီ၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံတို့မှစတင်စိုက်ပျိုးခဲ့ကြပါသည်။
ပြည်တွင်းစားသုံးဆီဖူလုံမှု ရှိစေရန် ဆောင်းသီးနှံ နေကြာများ စိုက်ပျိုးကြရန်နှင့် တောင်သူများ သိရှိနိုင်ပါရန် ဗဟုသုတအဖြစ် နေကြာသီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရန် တင်ပြပေးလိုက်ပါသည်။ နေကြာ သီးနှံ သီးသန့်စိုက်ပျိုးမည်ဆိုပါလျှင် မြေတစ်ဧကလျှင် နေကြာမျိုးစေ့ (၄)ပြည်နှုန်းနှင့် (၂) ပေခြား၍ တန်းကြားငယ်တစ်ခုတွင် ၂ စေ့ မှ ၃ စေ့ချ၍ စိုက်ပျိုးရပါမည်။ မတ်ပဲခင်းတွင် သီးညှပ်အဖြစ် စိုက်ပျိုးမည် ဆိုပါက ၁၀ ပေခြား၍ တွင်းငယ်တစ်ခုလျှင် အထက်ပါအတိုင်း ၂ စေ့မှ ၃စေ့ ချစိုက်ပျိုးရပါမည
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်း နေကြောင်း တွေ့ရှိရပါသည်။ အုတ်ဖိုမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧကမှာ ၁၀၀၃၇၄ ဧက စိုက်ပျိုးထားရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စားရင်းများအရ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာ၊ DENKO စက်သုံးဆီဆိုင်၌ (၁၂.၉.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် DENKO စက်သုံးဆီဆိုင် အရောင်းဝန်ထမ်း (၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဖြူးမြို့ စည်ပင်သာဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပါသည်။