သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Sep 2022

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်သာယာရေးအဖွဲနှင့်အတူ (၁၄.၉.၂၀၂၂)ရက်နေ့ နံနက်(၀၉:၄၅) အချိန်၌ မြို့မဈေးအတွင်းရှိ လမင်းမုန့်မျိုးစုံဆိုင်၊ ပန်းမြို့တော်မုန့်မျိုးစုံဆိုင်တို့တွင် ရောင်းချနေသော မုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

22 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်၂၀၂၂- ၂၀၂၃ခုနှစ်၊ မိုးစပါး/ မျိုးစေ့ထုတ်/ စံပြကွက်/ စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကို ၉.၉.၂၀၂၂နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ရုံးအစည်း အဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။

22 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၁၅.၉.၂၀၂၂)ရက်နေ့ မွန်းလွဲ(၁၃;၀၀)နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်းရှိ မုန်မျိုးစုံ ဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

22 Sep 2022

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် မိုင်းဆတ်မြို့နယ်၊ ကာနစံပြကျေးရွာနှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်းတွင် ကာနစံပြကျေးရွာသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော/ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

22 Sep 2022

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် မကွေး၊ ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူခရိုင်များရှိ အရာထမ်း/ အမှုထမ်းများသည် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။

Pages