
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ သက်တမ်း၁နှစ်ပြည့် မြောက်ပြီးသော ဓနုဖြူမြို့နယ် လုပ်ငန်းရှင်များအား သက်တမ်းတို့ဆောင်ရွက်နိုင်ရေးနှင့် ဇူလိုင်လ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရရက်အတွင်း Update ပြုလုပ်နိုင်ရေးကို လုပ်ငန်းရှင်များ သိရှိနိုင်ရန် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်မင်းစိုး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၁၅-၇-၂၀၂၅)ရက်နေ့တွင် ဓနုဖြူမြို့နယ် ဆန်စက်အသင်းရုံးတွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင် (၅)ဦးနှင့်အတူ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)