စက်မှုလုပ်ငန်းသုံးဆီများ ဇူလိုင်ရရှိသော စားသုံးဆီခွဲတမ်းများ လုပ်ငန်းများဆီရောက်ရှိနိင်‌ရေး ဆက်သွယ်ကူညီဆောင်ရွက်လျက်ရှိ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဇူလိုင်လအတွက် စက်မှုလုပ်ငန်းသုံးဆီများ လုပ်ငန်းရှင်များထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူအသုံးပြု ဆီထုတ်ယူနိုင်ရေးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များထံဆက်သွယ်၍ မအူပင်ဆီလက်ကားကိုယ်စားလှယများထံ ထုတ်ယူနိုင်ရေးကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ၂၀၂၅ခုနှစ် ဇူလိုင်လအတွက် စက်မှုလုပ်ငန်းများ ကုန်စည်ထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် လစဉ် လုပ်ငန်းသုံးဆီများ သက်သာသောဈေးဖြင့် ဝယ်ယူအသုံးပြု၍ ကုန်စည်များထုတ်လုပ်နိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ဇူလိုင်လ ၁၆ရက်နေ့အတွက် လုပ်ငန်းသုံးဆီ လုပ်ငန်း တစ်ခုလျှင် ပိဿာ ၂၀၊ ရည်ညွှန်းဈေး ၉၆၀၀ကျပ်ဖြင့် မအူပင်ခရိုင် ဆီကိုယ်စားလှယ် ကြာပေါ့ဆိုင်တွင် စက်မှုလုပ်ငန်းများအား ဆီထုတ်ယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)