
မြိတ်ခရိုင် ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များမှ မြိတ်ခရိုင်အတွက် ဧရာဝတီတိုင်းမှ ဆန် များဝယ်ယူ၍ မြိတ်မြို့သို့ MS သန်းတိုးအောင်ရေယာဉ်ဖြင့် ဆန်တန်(၂၀၀)သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့တွင်ရောက်ရှိလာခဲ့ပြီး မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ မြိတ်မြို့သို့ရောက်ရှိလာသော ဆန်လှေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်မြို့သို့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ဝယ်ယူလာသော MS သန်းတိုးအောင်ရေယာဉ်ဖြင့် ဆန်တန်(၂၀၀)၊ အိတ်ရေ(၄၀၀၀) ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)