
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြိတ်မြို့၊ အမှတ်(၂၄)၊ ပုလဲလမ်း၊ မြစ်မရပ်ရှိ ဟိန်းကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်သည် ၎င်းဆိုင်မှရောင်းချသည့် စာသောက်ကုန်၊ လူသုံးကုန်များအား အွန်လိုင်စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ဆောင် ရွက်ရန်လိုအပ်သောအချက်အလက်အထောက်အထားများအား စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
မြိတ်ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၄)၊ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း ကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားသဖြင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်း ချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမှာဖြစ်ကြောင်း၊ အပိုဒ် (၃)အရ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း အခြေချနေထိုင်လျက်ရှိသူ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ ဥပဒေပါသတ်မှတ်ချက် များအား လိုက်နာနိုင်သူ၊ စိတ်ပေါ့သွပ်သူမဟုတ်ကြောင်း၊ အမည်ပျက်စာရင်းကြေငြာခံထားရသူ မဟုတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူဖြစ်ရမည့်အပြင် လျှောက်ထားသူ၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ လျောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့်လိပ်စာ တွင် လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အွန်လိုင်းစနစ်ဖြင်ရောင်းချမည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှုအမျိုးအစားစာရင်းများ ပူးတွဲတင်ပြရန် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)