အွန်လိုင်းမှတ်ပုံတင်ပြီးလုပ်ငန်းများ မြေပြင်အမှန်တကယ်ရောင်းချမှုနှင့် ကိုက်ညီမှု ရှိ/မရှိကွင်းဆင်းလေ့

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်၊ ပန်းတနော်မြို့မစည်ပင်သာယာစျေးကြီးအတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့်စျေးဆိုင်များအား တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  စျေးကွက်အတွင်း စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကိုရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းကို  ရွေ့လျားဓာတ်ခွဲယာဥ်ဖြင် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  စားသုံးသူရေးရာဦးစီးဌာန. စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာဝန်ရှိသူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ရုံးမှတာဝန်ရှိသူ စျေးတာဝန်ခံ  ဦးကိုကိုမင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့တို့သည် ပန်းတနော်မြို့မ​စည်ပင်သာယာစျေးအတွင်း/အပြင်၌  ရောင်းချလျက်ရှိသည့်စျေးဆိုင်များမှ  ကုန်ပစ္စည်းများအား စျေးကွက်နမူနာကောက်ယူ၍ (Mobile Lab Van ဖြင့် မုန့်ဟင်းခါး၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ပဲပြား၊ သရက်သီးကုလားဒယ်၊ လဖက်၊ ငပိဆနွမ်းမှုန့်၊ နှင့်အမျိုးအမည် (၂၀)တို့ကို ရွေ့လျားဓာတ်ခွဲယာဥ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။ ပြည်သူများ အစားအသောက်ကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုပစ္စည်းများအလွန်အကျွံသုံးစွဲခြင်းရှိ/ မရှိစစ်ဆေးခြင်း  ထို့အပြင် ကုန်ပစ္စည်းအစားအသောက် ရောင်းချသူများတွင် အသုံးမပြုသင့်သောဓာတုပစ္စည်းများ ခွင့်မပြုဆိုးဆေးများအကြောင်း အသိပညာပေးခြင်းဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)