ကံမမြို့နယ်တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ကံမမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ မျှော်မှန်းချက် ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)