“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

Powered by Drupal

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၇)ရက်နေ့တွင် လွင်နှင့်စိုးမိုးသူ ကဖေးလက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်အား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည် ။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက် အလက်များပြည့်စုံ မှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ် အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန် စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)