
(၂၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၄)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ(၁)ဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးမှ (၁)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သိန်းမေတ္တာ(၁)စားသောက် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် သိန်းမေတ္တာ(၁)ဆိုင်ရှင် ဦးမြင့်ဇော်ဦးဆိုင်သို့ ရောက်ရှိခဲ့ရာ ချက်ပြုတ်သည့်နေရာများ သန့်ရှင်မှုမရှိခြင်း၊ သားငါး၊ ဟင်းသီးဟင်းရွက်များစနစ်တကျထားသိုမှုမရှိခြင်း၊ အမှိုက်ပုံးများ ဖုံးအုပ်မထားခြင်း၊ ဟင်းချက်စဉ် အေပရွှန်၊ ခေါင်းစွပ်တို့ကို မဝတ်ဆင်ထားခြင်း၊ မီးနူး စာရွက်များတွင် ဈေးနှုန်းများရေးထားခြင်း မရှိခြင်းတို့တွေ့ရှိရပြီး မိမိတို့ဌာနမှ အစားအသောက်သည် စားသုံးသူပြည်သူများအား ကျန်းမာရေးကို အဓိကကျသော အချက်ဖြစ်သောကြောင့် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချရမည်ဖြစ်ကြောင်း၊ အမှိုက်ပုံးများကို စနစ်တကျဖုံးအုပ်ထားရန်၊ ဟင်းချက်စဉ် အသုံးပြုရမည့် ဝတ်စားဆင်ယင်မှုများကိုလည်း ပြုလုပ်ရမှာဖြစ်ကြောင်း ဈေးနှုန်းများကိုလည်း အများမြင်သာသောစာလုံးအရွယ်ဖြင့် ဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)