သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၁၄.၁၀.၂၀၂၂)ရက်နေ့ နေ့လည်(၁၄;၀၀)နာရီက မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်း ဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင် ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံတိုင်းဦးစီမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် ၁၄.၁၀.၂၀၂၂ ရက်နေ့တွင်ဖျာပုံမြို့နယ်ရှိ အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက််ပိုမိုရရှိနိုင်ရေးအတွက် မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော လုပ်ငန်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဇေယျာအောင်သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ဖြင့်ပူးပေါင်း၍ 14.10.2022 ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်းရှိ ကုန်စုံဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
နေပြည်တော်၊ ၁၈-၁၀-၂၀၂၂
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ တာချီလိတ်-ကျိုင်းတုံသွားလမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကိ