မြောင်းမြမြို့နယ် ပွင့်သစ်ကျော် ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ စက်မှုဇုံရှိ ငွေဇင်ယော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

             အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)