သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Oct 2022

         ပဲခူးတိုင်း‌ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁၄.၁၀.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၃၀) အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ( Talk Show ) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

20 Oct 2022

          ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦး စီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိဝန်ထမ်းများသည် (၁၇.၁၀.၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ၊ ဒေါ်နန်းကျန် (ထွန်း)အမှတ်တံဆိပ်၊ ဝက်ခေါက်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရေးတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

19 Oct 2022

        ပဲခူးတိုင်း‌ဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ ရှမ်းစုကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၄၄၈ ဃ) ၊ ဖောင်တော်သီကွင်း ၊ ဦးပိုင်အမှတ် (၁/၁) တွင် စိုက်ပျိုးထားသော ဆင်းသုခ စပါးမျိုးကောင်း ကိုယ်စားပြုစံကွက်၌ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

19 Oct 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်၍ ပညာရေးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျန်းမာရေးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ အထက (၃) စာသင်ကျောင်း ပြင်ပရှိ မုန့်အရောင်းဆိုင် (၆)ဆိုင်အား ၁၃.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့ ၂ : ၀၀ နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းများကို ရှောင်တခင်စစ်ဆေးခဲ့ပါသည်။

19 Oct 2022

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ အုတ်ဖိုမြို့နယ် တာဝန်ခံ ဦးအေးဇော်ထိုက်နှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂ )ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် အုတ်ဖိုမြို့နယ် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ ဣစ္ဆိတံ ဆီစက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Pages