
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၆.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းများတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။
DOCA (ဧရာဝတီ)