ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြော

Powered by Drupal

        ( ၂၂..၂၀၂၅ ) ရက်နေ့တွင် ကလေးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့သာရပ်ကွက်အတွင်းလုပ်ကိုင်ဆောင်ရွက်နေကြသော ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များအား မြို့သာရပ်ကွက်စာရေး၊ ခရိုင်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ခရိုင်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးရဲမင်းသိန်း ( ခရိုင်ဦးစီးမှူး )မှ  မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး ဆန်စက်၊ ဆီစက်များအား လိုင်စင် သက်တမ်းများ တိုးကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒုဦးစီးမှူး ) မှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ် တဝံ့ပြောကြားခဲ့ပြီး MyRo စနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)