သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2022

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီချိန်တွင်တရားဝင်ဖြန့်ဖြူးရောင်းချခွင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှား တုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

22 Aug 2022

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ  ၁၆   ရက်နေ့ (၁၀း၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Aug 2022

                မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း မိုးစပါးအား ဧက ၅၉၆ ဧက စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရပါသည်။ ပျိုးထောင်စိုက်ပျိုးချိန် မရသော တောင်သူများမှာ အစေ့ တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးကြပြီး အများအားဖြင့် ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက် စနစ်ဖြင့် စိုက်ပျိုးကြသည်။ တောင်သူများမှာ ဓါတ်မြေသြဇာ စျေးမြင့်တက်နေသော်လည်း သဘာဝ မြေသြဇာ၊ နွားချေး၊ ကြက်ချေး၊ EM ဗိုလ်ကာချီး အစရှိသော သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြသည်။ စိုက်ပျိုး ပြီ

19 Aug 2022

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် အမှတ်(၅/၇၁)၊ ကျီတော်ကုန်းလမ်း၊ ဆုတောင်းပြည့်ဘုရားအနီး ၊ ကျီတော်ကုန်းရပ်ကွက်၊  မိတ္ထီလာမြို့၌ “လာဘ်မင်း”အမှတ်တံဆိပ် ဆပ်ပြာထုတ်လုပ်ရောင်း ချနေသော လုပ်ငန်းရှင်မှ ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက

19 Aug 2022

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ  (အ.ထ.က-၃) ကျောင်း၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ  ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ  တက်ရောက်ခဲ့ကြပါသည်။

Pages