သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမက-မူလွန် (အောင်တော်မူ)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊စားသုံးသူရေးရာ ဦးစီးဌာန၊တောင်ကုတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးကျော်မြင့်သည် (၁၂-၈-၂၀၂၂)ရက်နေ့တွင် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်ရှိ ဒေသတွင်း မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ သိရှိလိုခြင်းနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၂.၈.၂၀၂၂) နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စစ်တွေမြို့ မြို့မဈေးကြီးသို့သွားရောက်၍ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် ဈေးဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိ မှုများနှင့် စပ်လျဉ်း၍ ဈေးကွက်စိစစ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်းမှ စစ်ဆေးရေးမှူးဦးသိန်းမောင်ဦးဆောင် သောဝန်ထမ်းများသည် (၁၅.၈.၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းရှိ မုန့်မျိူးစုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅)(ခ) စစ်ဆေးရးအရာရှိ၏ လုပ်ငန်း တာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင် (၇) ဆိုင်အား ၂၀၂၂ ခုနှစ