
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် မြိတ်မြို့၊ အမှတ်(၇)၊ အခြေခံပညာအထက်တန်ကျောင်း၌ ငလျှင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားကို နံနက်(၉း၃၀)အချိန်တွင် ဖွင့်လှစ်ခဲ့ပြီး မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူးမှ ဇတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခြင်းနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ရှာဖွေကွယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း ငလျင်ဘေးအသိပညာပေးဗွီနိုင်းများပေးအပ်ခြင်း၊ ဒုတိယဗိုလ်မှူးကြီး၊ ကမ်းရိုး တန်းဒေသစစ်ဌာနချုပ်မှ ကျောင်းအုပ်ဆရာမကြီးသို့ စာရေးကရိယာနှင့်ဘောပင်များပေးအပ်ခြင်း၊ ဌာနဆိုင်ရာများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းပြုလုပ်ပြီး အခမ်းအနားကို နံနက်(၁၀း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA(တနင်္သာရီ)