တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ သစ်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည် (၁၃း၁၅) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် ထားဝယ်မြို့ရှိ သစ်ရောင်းဝယ်ရေးလုပ်ငန်းရှင်မှ သစ်နှင့်သစ်အချောထည်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးနှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  တွေ့ဆုံရာတွင် လုပ်ငန်းရှင်မှ သစ်နှင့်သစ်အချောထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန်၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ အသင်းအဖွဲ့များဖွဲ့စည်းရာတွင် လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများ၊ အသင်းအဖွဲ့များ ဖွဲ့စည်းရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)