တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်‌ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည် (၁၄း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် ထားဝယ်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်မှ ထားဝယ်ခရိုင် ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး ဦးစီးမှူးနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါ သည်။
  တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းများ၊ အသင်းဖွဲ့စည်းခြင်းကြောင်း ရရှိမည့်အကျိုး‌ကျေးဇူးများ အကြောင်းနှင့် အသင်းအားအမြန်ဖွဲ့စည်းသွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)