သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း များအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်။

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ (၂၇)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.ထ.ကမြို့မကျောင်းတွင် ဆရာ၊ဆရာမ (၁၂)ဦး၊ ကျောင်းသား၊ကျောင်းသူ(၃၂၆)ဦးတို့အား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ ရောင်းချနေသော စားသုံးဆီများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဖေဖော်ဝါရီလ(၂၈)ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
