ကုန်အညွှန်းအမှတ်အသား သိရှိနိုင်စေရေး စာသင်ကျောင်းများသို့ အသိပညာပေး

Powered by Drupal

     ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ အ.မ.က(၁) စာသင်ကျောင်းတွင်  စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါ ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည် များကို စုံစမ်း မေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်(အ.မ.က-၁) စာသင်ကျောင်းရှိ ဆရာ/မနှင့်ကျောင်းသား/သူ စုစုပေါင်း(၈၈)ဉီးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များ ပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)