တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးဆန်စက် လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး တက်ရောက်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်း ရှင်းလင်းပြောကြားခြင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးမှ ဆန်စက်လိုင်စင်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အလိုက် ဆန်စက်လုပ်ငန်းရှင်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ တိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း EC၊ CEC များ ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ  အခမ်းအနားအား အောင်မြင် စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)